ဗြဟ္မစိုရ်အသင်းကြီးသည် မန္တလေးမြို့တွင် အကြီးဆုံး နာရေးကူညီမှုအသင်းဖြစ်သည်။ ၁၉၉၈ ခုနှစ် မေလ ၇ ရက်နေ့တွင် မန္တလေးမြို့၌ ဗြဟ္မစိုရ်လူမှုကူညီရေးအသင်းအား တည်ထောင်ခဲ့သည်။ စတင်တည်ထောင်ချိန်တွင် လူထုဒေါ်အမာလည်း နာယက အဖြစ်နှင့် ကြည့်ရှုလမ်းညွှန်ပေးခဲ့သည်။ အခမဲ့ နာရေး ကူညီမှု အပြင် ငွေကြေးမတတ်နိုင်သည့် လူနာများအား ဆေးရုံစရိတ် ငွေကြေးထောက်ပံ့ခြင်းလုပ်ဆောင်ခဲ့သည်။ ယခုအခါ အသင်းမှ ဆေးခန်းဖွင့်လှစ်ပြီး အခမဲ့ကုသမှု ပေးခြင်းများလုပ်ဆောင်လျက်ရှိသည်။ .
ဗြဟ္မစိုရ်အသင်းကြီး ကို ရန်ပုံငွေအားဖြင့် ပြည်တွင်း၊ ပြည်ပနှင့် NGO အဖွဲ့ အစည်းများ အလှူငွေဖြင့် လုပ်ငန်းလည်ပတ်လုပ် ဆောင်နေ ပါသည်။
အသင်းကြီး အား ရန် ပုံငွေကူညီထောက်ပံ့ပေးသောအဖွဲ့များ၏ လှူဒါန်းခြင်းများ ထိရောက်တိကျသေချာစွာ အသုံးချ ဆောင် ရွက် နိုင် ရေးအတွက် နှစ်ပတ်လည် အစည်းအဝေး များ၏ ချမှတ် သောစည်းကမ်းများအတိုင်း ဘေးအန္တရာယ် ကျရောက်နေရာဒေသများ နှင့် လူ့ အသိုင်းအဝန်းလိုအင်များ ကို အကျိုးထိရောက် ထောက်ပံ့ လုပ်ဆောင်နိုင်အောင် အမြဲဆောင်ရွက်နေပါသည်။


အသင်းကြီးသည် နာရေးကူညီခြင်းများ ၊ မျက်စိ ကုသဆောင်ရွက်ခြင်း၊ ကျောက်ကပ် ကုသွေးသန့်စင်ခြင်းများ ၊ သဘာဝဘေးအန္တရာယ် သက်ရောက်ရာနေရာဒေသများ အတွက် ကူညီလုပ်ဆောင်ချက်များ၊ ပညာရေး နှင့် ကျန်းမာရေးအတွက်ထိရောက်သော ကူညီဆောင်ရွက်ချက်များ နှင့် အခြား ရန်ပုံငွေ အင်အား ဖြည့်တင်းနိုင်ရန် လုပ်ဆောင်ချက်များ ကို အထူးစီမံလုပ်ဆောင် နေ ပါ သည်။

ပါမောက္ခ ဒေါက်တာ ဒေါ်ငြိမ်းငြိမ်း

ဗြဟ္မစိုရ်အသင်းကြီး၏ စေတနာ့ဝန်ထမ်းများ

ဦးလှထွန်းကင်ဆာ ဖောင်ဒေးရှင်း သို့ပေးအပ်ခြင်း

နှစ်ပတ်လည် အစည်းအဝေးသည်အလှူရှင်များ နှစ်သက်ရာ နယ်ပယ်များ အတွက် လှူဒါန်းပေးထားသော ရန်ပုံငွေများကို စနစ်တကျ စီမံထောက်ပံ့ပေးသည်။
ဦးတည်ချက် - အစီအမံလုပ်ဆောင်ချက်နှင့် ရန်ပုံငွေစီမံချက်
ဥက္ကဋ္ဌ
ဗြဟ္မစိုရ်အသင်းအလုပ်အမှုဆောင်အဖွဲ့ဝင်များသည် နှစ်သက်ရာ နယ်ပယ်များ အတွက် အလှူရှင်များထည့်ဝင်ရန်ပုံငွေများကို လက်ခံစီမံကူညီပေးသည်။
ဦးတည်ချက် - အလှူရှင် နှစ်သက်ရာ နယ်ပယ်
အလုပ်အမှုဆောင်အဖွဲ့
ဗြဟ္မစိုရ်အသင်းကြီး၏ဝန်ထမ်းများ နှင့် စေတနာ့ဝန်ထမ်းများ သည် သတ်မှတ်နယ်ပယ်အတွက်လုပ်ဆောင်ချက်များ စီမံဆောင်ရွက်ပေးသည်။
ဦးတည်ချက် - သတ်မှတ်နယ်ပယ်အတွက်လုပ်ဆောင်ချက်များ
ဗြဟ္မစိုရ်အသင်းကြီး၏ဝန်ထမ်းများ

နာရေးကူညီမှု အသင်း (ရန်ကုန်)မတိုင်မီ စတင်ခဲ့သည့် စေတနာ့ဝန်ထမ်း လူထုကူညီရေး အသင်းဖြစ်သည်။ ရန်ကုန်နာရေး အသင်းထက် ၃၊ ၄ ၊၅နှစ်စောပြီး တည်ထောင်ခဲ့သည်။ ဆရာကြီး ဦးသုခက အဆိုပါ အသင်းကို နမူနာယူကာ ရန်ကုန်တွင် နာရေးကူညီမှု အသင်းကို တည်ထောင်ခဲ့ခြင်း ဖြစ်ပါသည်။

ရန်ပုံငွေပံ့ပိုးသူများကို ဤအောက်ပါ အစီအမံ ပရိုဂရမ်များသို့ ထိထိရောက်ရောက်နှင့် တိကျစွာ ဖြန့်ဝေရန်ဗြဟ္မစိုရ်အသင်းကြီး က ကြိုးစားနေပါသည်။